Social Icons

Pages

Wednesday, November 25, 2015

ကေအိုင်အေ(ကချင်) အဖွဲ့မှ ထောင်ထားသော နင်းမိုင်းကြောင့် ဒေသခံပြည်သူတစ်ဦး ဒဏ်ရာရရှိ



နေပြည်တော် ၊ ၂၅-၁၁-၂၀၁၅

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မီးလောင် ကျေးရွာနေ မျိုးဝင်းဦး ၁၉နှစ် (ဘ) ဦးစိုးမြင့်ဝင်း သည် နိုဝင်ဘာ ၂၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ကျေးရွာမှ နန့်စတုန်း ရွှေမှော်သို့ အလုပ်လုပ်ရန် ဆိုင်ကယ်ဖြင့် ထွက်ခွာခဲ့ရာ နန့်မီးလောင် ကျေးရွာ၏ အနောက်ဘက် လေးမိုင်ခန့် အကွာသို့ ရောက်ရှိစဉ် ကေအိုင်အေ(ကချင်) အဖွဲ့မှ ထောင်ထားသော နင်းမိုင်းတစ်လုံး ကို ဆိုင်ကယ် နောက်ဘီးဖြင့် နင်းမိ ပေါက်ကွဲ ခဲ့သည်။

မိုင်းပေါက်ကွဲမှု ကြောင့် မျိုးဝင်းဦး ၏ ဘယ်ဘက် ကျောပြင်တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ရာ နယ်မြေခံ တပ်မှ တာဝန်ရှိ သူများက သွားရောက် တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး မိုးညှင်း ပြည်သူ့ဆေးရုံ ၌  ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...