Social Icons

Pages

Monday, May 18, 2015

စီကော်လျံ ဒေသရှိ MNDAA သောင်းကျန်းသူများ၏ ပွိုင့်-၂၀၇၁ တောင်ကုန်းအား တပ်မတော်က အောင်မြင်စွာ သိမ်းပိုက်ရရှိ


လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားသည့် နေရာပြပုံ


ပွိုင့်-၂၀၇၁ တောင်ကုန်းပေါ်တွင် MNDAA သောင်းကျန်းသူများ ဆောက်လုပ်ထားသည့် ဘန်ကာများကို တွေ့ရစဉ်

ပွိုင့်-၂၀၇၁ တောင်ကုန်းအား တပ်မတော်က အောင်မြင်စွာ သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်း များနှင့်အတူ တွေ့ရစဉ်

ပွိုင့်-၂၀၇၁ တောင်ကုန်းပေါ်တွင် MNDAA သောင်းကျန်းသူများ ဆောက်လုပ်ထားသည့် ဘန်ကာများကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၈-၅-၂၀၁၅

ဖုန်ကြားရှင်၏ MNDAA သောင်းကျန်းသူများ အခိုင်အမာ ခံစစ်ဆင် ထားသော လောက်ကိုင်မြို့ မြောက်ဘက် ပွိုင့်-၂၂ဝ၂ တောင်ကုန်းအား တပ်မတော် စစ်ကြောင်းများက မေ ၁၄ ရက်တွင် အောင်မြင်စွာ သိမ်းပိုက်ရရှိပြီး ဆုတ်ခွာ သွားသော သောင်းကျန်းသူ အကြွင်းအကျန် များအား စစ်ကြောင်း သုံးကြောင်းခွဲ၍ ဆက်လက် ရှင်းလင်း တိုက်ခိုက်ချေမှုန်း ခဲ့ရာ စီကော်လျံ ဒေသရှိ ဟိုထိုလင် ကျေးရွာနှင့် ပတ်ဝန်းကျင်အား ယမန်နေ့ နံနက်၉ နာရီ တွင်လည်းကောင်း၊ စီတုံးဆွေ ကျေးရွာနှင့် ပတ်ဝန်းကျင် အား နံနက် ၁၁ နာရီတွင် လည်းကောင်း၊ နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်အမှတ် (၁၂ဝ) ရှိ ပွိုင့်-၂ဝ၇၁ တောင်ကုန်းအား မွန်းလွဲ ၁နာရီ မိနစ်၂ဝ တွင်လည်းကောင်း အောင်မြေချဲ့ သိမ်းပိုက် ရရှိသည်။ သို့ဖြစ်၍ စီကော်လျံ ဒေသအတွင်းရှိ MNDAA သောင်းကျန်းသူ အကြွင်းအကျန် များအား အမြစ်ပြတ် ချေမှုန်း တိုက်ခိုက် နိုင်ခဲ့သည်။

ထိုသို့ အောင်မြေချဲ့သိမ်းပိုက်စဉ် MNDAA သောင်းကျန်းသူ ထံမှ ပွိုင့်-၂ဝ၇၁ ၌ အလောင်း နှစ်လောင်း၊ လက်နက်မျိုးစုံ သုံးလက်နှင့် ခဲယမ်း၊ ဆက်စပ် ပစ္စည်းများ၊ ဟိုထိုလင် ကျေးရွာနှင့် ပတ်ဝန်းကျင် ၌ အလောင်း နှစ်လောင်း လက်နက်မျိုးစုံ လေးလက် နှင့် ခဲယမ်း၊ ဆက်စပ် ပစ္စည်းများ၊ စီတုံးဆွေ ကျေးရွာနှင့် ပတ်ဝန်းကျင်၌ အလောင်း တစ်လောင်း၊ လက်နက်မျိုးစုံ သုံးလက်နှင့် ခဲယမ်း၊ ဆက်စပ် ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

လောက်ကိုင်ဒေသ အတွင်း MNDAA သောင်းကျန်းသူ အကြွင်းအကျန် များ အခြေပြု နေထိုင် လှုပ်ရှားမှုများ လုံးဝ မရှိစေရေး တပ်မတော် စစ်ကြောင်းများက ရဲဝံ့စွန့်စား စွာဖြင့် နယ်မြေ ရှင်းလင်း အမြစ်ပြတ် ချေမှုန်း တိုက်ခိုက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...