Social Icons

Pages

Friday, May 22, 2015

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့ မှ စိန်တလုံးသရက်သီး တန်ချိန် ၅၀၀ ကို ပြည်ပနိုင်ငံများသို့ တင်ပို့သွားမည်



ရပ်စောက် ၊ ၂၂-၅-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်၊ အင်တော၊ တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုံး- ဆီဆိုင်နှင့် ပင်းတယမြို့ တို့ရှိ သရက်သီး စိုက်ပျိုး ထုတ်လုပ်ရာ ဇုန်ခြောက်ဇုန် အနက် ရပ်စောက်မြို့ သရက်ဇုန်မှ ယခုနှစ် သရက်သီးရာသီအတွင်း စိန်တလုံး သရက်သီး အထွက် လျော့နည်းမည် မဟုတ်ကြောင်း နှင့် စိန်တလုံး သရက်သီး တန်ချိန် ၅ဝဝ ကို ပြည်ပ နိုင်ငံများသို့ တင်ပို့သွားမည် ဖြစ်ကြောင်း ရှမ်း/တောင် သရက်သီး စိုက်ပျိုး ထုတ်လုပ်သူများ အသင်းစု Southern Shan State Mango Producer and Traders Association(MPTA) ဥက္ကဋ္ဌ ကပြောပြ၍ သိရသည်။

ထိုသို့ ဆောင်ရွက် နိုင်မှုမှာ ဧပြီလနှင့် မေလ ပထမပတ် အတွင်း ကျရောက်ခဲ့သည့် မိုးသီးဒဏ် ကြောင့် အချို့သော သရက်ခြံများ ထိခိုက် ပျက်စီးမှု အနည်းငယ် ရှိခဲ့သော်လည်း အဓိက သရက်သီးထွက် ရှိရာဒေသတွင်း ဇုန်ခြံများနှင့် အသစ်ထပ်မံ စိုက်ပျိုးမှုမှ ထွက်ရှိလာမည့် အသီးသစ် များကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဈေးကွက် အနေဖြင့် မြန်မာ GP ကုမ္ပဏီ (ရန်ကုန်) မှတစ်ဆင့် မလေးရှား၊ စင်ကာပူ၊ ဒူဘိုင်းနှင့် ဟောင်ကောင် စသည့် အိပ်စ်ပို့ ဈေးကွက်၊ နယ်စပ် ကုန်သွယ်ရေး Border Trade ဖြစ်သည့် မူဆယ် ၁ဝ၅ မိုင်မှတစ်ဆင့် နှစ်စဉ် ဝယ်ယူနေကျဖြစ်သည့် တရုတ်နိုင်ငံ စီချွမ် နှင့်ကွမ်ကျိုး ပြည်နယ်နှင့် ဒေသတွင်း ဈေးကွက်များ ဖြစ်သည့် ရန်ကုန်၊ နေပြည်တော် နှင့်အခြား မြို့နယ်များ ဟူသည့် ဈေးကွက်ကြီး သုံးခုကို တင်ပို့ သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြည်ပမှ ကြိုတင် ဝယ်လိုအား အနေဖြင့် မြန်မာ GP ကုမ္ပဏီမှ တစ်ဆင့် စိန်တလုံး သရက်သီး တစ်လုံး အလေးချိန် ဂရမ် ၄ဝဝ အထက် တစ်တန်လျှင် မြန်မာ ငွေကျပ် ၁၃ သိန်း၊ ဂရမ် ၃၅ဝ မှ ဂရမ် ၄ဝဝ တစ်တန်လျှင် ငွေကျပ် ၁၁သိန်း၊ ဂရမ် ၃ဝဝ မှ ဂရမ် ၃၅ဝ လျှင် ငွေကျပ် ကိုးသိန်းနှင့် ဂရမ် ၃ဝဝ မှ ဂရမ် ၃၅ဝ တစ်တန်ကို ငွေကျပ် ရှစ်သိန်းဖြင့် စာချုပ်ချုပ်ဆို ထားပြီး ဖြစ်ကာ ဇွန်လ ပထမ အပတ်၌ စတင်ခူးဆွတ် မည်ဖြစ်ကြောင်း ၊ မူဆယ် ၁ဝ၅ မိုင်မှတစ်ဆင့် စိန်တလုံး တန်ချိန် ၅ဝဝ ကို ချိတ်ဆက် တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရပ်စောက်မြို့နယ် ၌ စိန်တလုံးသရက် စိုက်ဧက၂၇၁၈ ဧက၊ ရင်ကွဲသရက် Broken Heart စိုက်ဧက ၃ဝဝဝ၊ အခြားသရက် မျိုးများ ဖြစ်သည့် ပတ္တမြား ငမောက်၊ မြကျောက်၊ ရွှေဟင်္သာ စိုက်ဧက ၁ဝဝ စုစုပေါင်း ၅၈၁၈ ဧက နှင့် သရက်စိုက် တောင်သူ ၁၁၆၄ ဦးမှ စိုက်ပျိုး ထုတ်လုပ်ပြီး နှစ်စဉ် တန်ချိန် ၆ဝဝဝ၊ အလုံးရေ ၁ ဒသမ ၈ သန်းကျော် ထွက်ရှိကာ ရှမ်းပြည်နယ် (တောင်ပိုင်း) သရက်သီး အထွက်နှုန်း ၏ ၇ဝ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။ (၁၇၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...