Social Icons

Pages

Monday, April 27, 2015

AA သောင်းကျန်းသူ တစ်ဦးအား လက်နက်ခဲယမ်းများ နှင့်အတူ ဖမ်းဆီးရမိ


ဖမ်းဆီးရမိ AA သောင်းကျန်းသူနှင့် လက်နက်ခဲယမ်းများကို တွေ့ရစဉ်

AA သောင်းကျန်းသူတစ်ဦးအား လက်နက်ခဲယမ်း များနှင့်အတူ ဖမ်းဆီးရမိသည့် နေရာပြပုံ

နေပြည်တော် ၊ ၂၇-၄-၂၀၁၅

ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် ကုလားချောင်း ကျေးရွာအနီး မြောက်ဘက် တောင်ကြောတွင် AA သောင်းကျန်းသူ တစ်ဦး ခိုအောင်းလျက် ရှိကြောင်း ဧပြီ ၂၅ ရက်တွင် ဒေသခံ ပြည်သူများ၏ သတင်း ပို့ချက်အရ သိရှိခဲ့ ရသည်။

ထိုသို့ သတင်းရရှိ ခြင်းကြောင့် တပ်မတော် စစ်ကြောင်းများက စပါးဆိပ် - ကုလားချောင်း နယ်မြေအတွင်း အသေးစိတ် ဖြန့်ခွဲ ရှင်းလင်း ရှာဖွေခဲ့ရာ ကုလားချောင်း ကျေးရွာ၏ မြောက်ဘက် မီတာ ၁ဝဝဝ ခန့်တွင် AA သောင်းကျန်းသူ အဖွဲ့မှ တပ်သား အဆင့်ရှိ ထွန်းထွန်းဝင်း ၃၁ နှစ် (ဘ) ဦးထွန်းခိုင် အား အမ်(၂၂) ပုံစံသေနတ် တစ်လက်၊ ၄င်းကျည် ၃ဝ တောင့်၊ ကျည်အိမ်နှစ်ခု၊ လက်ပစ်ဗုံး နှစ်လုံး၊ ချပ်ဝတ်တန်ဆာ တစ်စုံတို့နှင့် အတူ ဖမ်းဆီးရမိ ခဲ့သည်။

တပ်မတော် စစ်ကြောင်းများ အနေဖြင့် ဒေသခံ ပြည်သူများနှင့် ပူးပေါင်းကာ သတင်းများ ဖော်ထုတ်၍ ရခိုင်ပြည်နယ် အတွင်း AA သောင်းကျန်းသူများ စိမ့်ဝင် လှုပ်ရှားမှု မရှိစေရေး အသေးစိတ် နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...