Social Icons

Pages

Monday, December 22, 2014

၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ e-Visa လျှောက်ထားနိုင်သည့် နိုင်ငံ တိုးချဲ့သွားမည်



ရန်ကုန် ၊ ၂၂-၁၂-၂၀၁၄

၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ e-Visa လျှောက်ထား နိုင်သည့် နိုင်ငံကို နိုင်ငံပေါင်း ၁ဝဝ ဝန်းကျင် တိုးချဲ့သွားမည် ဖြစ်ကြောင်း မြန်မာခရီးသွား လုပ်ငန်းအဖွဲ့ချုပ် မှ သိရသည်။

ယခုအချိန်တွင် e-Visa စနစ်ဖြင့် လျှောက်ထား နိုင်သည့် နိုင်ငံ ၇၆ နိုင်ငံသာ သတ်မှတ်ထားပြီး ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် e-Visa လျှောက်ထား နိုင်သည့် နိုင်ငံကို ပိုမိုတိုးချဲ့ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ e-Visa စနစ်ကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ က စတင် အသုံးပြုသည့် အချိန်မှစ၍ နိုင်ငံပေါင်း ၂၄ နိုင်ငံကို ခွင့်ပြုခဲ့ပြီး ယခုနှစ် အတွင်း နိုင်ငံပေါင်း ၇၆ နိုင်ငံအထိ တိုးချဲ့ခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် e-Visa စနစ်ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့၌ အသုံးပြု နေကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ e-Visa စနစ် အသုံးပြု၍ နိုင်ငံခြား ခရီးသွား ဧည့်သည်များ တစ်လလျှင် ၁ဝဝဝဝ ဝန်းကျင်ခန့် အထိ ဝင်ရောက်နေရာ အများစုမှာ အမေရိကန် နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။


#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...