Social Icons

Pages

Monday, December 22, 2014

ဆေးဖက်ဝင်သစ်ခွ အပြင် သစ်ခွမျိုးစိတ်များ မျိုးတုံးလုနီးပါး ဖြစ်နေ ဝိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်


ရန်ကုန် ၊ ၂၂-၁၂-၂၀၁၄

ဆေးဖက်ဝင်သစ်ခွ ဖြစ်သော Dendrobium သစ်ခွမျိုး အပါအဝင် သစ်ခွမျိုးစိတ် အားလုံးနီးပါးမှာ မျိုးတုံးလု နီးပါး အခြေအနေ ဖြစ်နေ၍ ဝိုင်းဝန်း ထိန်းသိမ်းရန် လိုအပ် နေကြောင်း မြန်မာနိုင်ငံ ပန်းဝါသနာရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦး ပြောကြားချက် အရ သိရသည်။

ယခင်က နီလုံး၊ ပုစွန်ဆိုသည့် Dendrobium မျိုးစိတ် ဆေးဖက်ဝင် သစ်ခွများအား အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင် သော်လည်း လက်ရှိတွင် တွေ့ရှိရန် ခက်ခဲသွားသည်။ ယင်း သစ်ခွမျိုးစိတ် များမှာ ယခင်က ရှမ်းပြည်နယ်၊ ချင်းပြည်နယ် နှင့် ကချင်ပြည်နယ် တို့၌ အများဆုံး တွေ့ရှိခဲ့ရ သော်လည်း ယခုအခါ ရှားပါးသွားပြီ ဖြစ်ကြောင်း သိရသည်။

''ဒီသစ်ခွတွေ က တရားမဝင် လမ်းကြောင်း တွေကနေ တစ်ဆင့် တစ်ဖက်နိုင်ငံ ထဲကို ရောက်ရှိ ကုန်တယ်။ နောက်ဆို လုံးဝ မျိုးတုံးသွားမှာ စိုးရိမ် ရတဲ့အတွက် ဝိုင်းဝန်း ထိန်းသိမ်းဖို့ လိုအပ်ပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံ၌ သစ်ခွပင်များကို ဆေးဝါးအဖြစ် အသုံးပြုမှု နည်းပါး သော်လည်း တစ်ဖက် နိုင်ငံတွင် သစ်ခွပန်းအား တိုင်းရင်းဆေး အဖြစ် သုံးစွဲ နေသည်မှာ နှစ်ကာလ ကြာမြင့်ပြီ ဖြစ်သောကြောင့် ပွဲစားများမှ တစ်ဆင့် ဝယ်ယူ လာမှုများ ဆယ်စုနှစ်နှင့် ချီကြာမြင့်ခဲ့သည့် အတွက် ရှားပါးမှုများနှင့် ကြုံတွေ့ လာရခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က အဆိုပါ သစ်ခွပန်း မျိုးစုံကို ပန်းခြောက်များ အဖြစ် တရားဝင် ရောင်းချခွင့် ပြုခဲ့ပြီး ၂ဝ၁၂ ခုနှစ် နှောင်းပိုင်းတွင် သစ်ခွမျိုးစိတ်များ ရှားပါးလာမှု များကြောင့် တရားဝင် ရောင်းချခွင့်များ ပိတ်ပင်ခဲ့ သော်လည်း
တရားမဝင် လမ်းကြောင်းများမှ တစ်ဆင့် ရောင်းချမှုများ ရှိနေဆဲဖြစ်သည့် အတွက် သစ်ခွ မျိုးစိတ်များ မျိုးတုံး ပျောက်ကွယ် မသွားစေရန် ထိန်းသိမ်း ကာကွယ်ရမည် ဖြစ်ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...