Social Icons

Pages

Thursday, November 20, 2014

မြန်မာဘာသာ အက္ခရာများကို ကမ္ဘာက သိရှိနိုင်စေရန် အတွက် Unicode မြန်မာစာစနစ် ကျင့်သုံးရန် တိုက်တွန်း



ရန်ကုန် ၊ ၂၀-၁၁-၂၀၁၄

မြန်မာနိုင်ငံ၌ အင်တာနက် သုံးစွဲမှုများပြား လာခြင်းနှင့် အတူ Social Networking သုံးစွဲမှုများလည်း ကျယ်ပြန့် လာရာ Facebook နှင့် Google ကဲ့သို့သော နိုင်ငံတကာ website များ အပေါ်တွင် မြန်မာအက္ခရာ များကို တွေ့မြင်ကာ ကမ္ဘာက သိရှိနိုင်ရေး Unicode မြန်မာစာ စနစ်ကို လူထုမှ ကျင့်သုံး လာစေရန် တိုက်တွန်း လိုကြောင်း Unicode သုံးစွဲသူများ အဖွဲ့မှ ပြောကြား ခဲ့သည်။

''အဓိကကတော့ Unicode ဆိုတာ အခြားမြန်မာစာ စနစ်သုံး Font တွေနဲ့ ကွာပါတယ်။ သူ့မှာ အားသာချက် က စာစီစာရိုက် လုပ်ထားတဲ့ ဖိုင်တစ်ခုကို မြန်မာလို အမည်ပေးထားပြီး မေ့သွားတယ် ဆိုပါစို့။ စာလုံး အရှည်ကြီး မမှတ်မိဘူး။ စကားလုံး အချို့ပဲ မှတ်မိရင် သူ့ အက္ခရာစဉ် အလိုက် ရိုက်နှိပ်ပြီး ရှာရုံနဲ့ အလွယ်တကူ တွေ့နိုင်ပါတယ်။ နောက်ပြီး Facebook တို့လို Social Network တွေ အသုံးပြုမယ် ဆိုရင် Unicode က ISO ဆိုတဲ့ နိုင်ငံတကာ အသိအမှတ်ပြု စံ တွေပါတဲ့ အတွက် မိမိရဲ့ Facebook စာမျက်နှာ ပေါ်မှာ မြန်မာလို စာရိုက်ထားရင် အခြားနိုင်ငံက ကြည့်ရှုသူ တွေပါ မြန်မာလို မြင်တွေ့ရမှာ ဖြစ်ပြီး မြန်မာ အက္ခရာကို ထင်ရှားစွာ မြင်နိုင်မှာ ဖြစ်ပါတယ်။ အခြား မြန်မာစာ စနစ်တွေ အသုံးပြုရင်တော့ ဖြစ်တတ်တာက စာသားမပေါ်ဘဲ လေးထောင့်အတုံး လေးတွေသာ ပေါ်နေတာမျိုး တွေရှိနိုင် ပါတယ်။ ဒါကြောင့် နည်းပညာ တိုးတက်လာတဲ့ အခုခေတ်မှာ အင်တာနက်တို့၊ Social Network တို့ သုံးစွဲသူတွေ များလာမှာ ဖြစ်တဲ့အတွက် အခုကတည်းက မိမိရဲ့ မြန်မာဘာသာ အက္ခရာတွေကို ကမ္ဘာက သိရှိ စေရန်နဲ့ သုံးစွဲမှု စနစ်တကျ တစ်ခုတည်း သီးသန့်ဖြစ်လာ နိုင်စေဖို့ Unicode ကို အသုံးပြုဖို့ တိုက်တွန်း ရတာပါ ... '' ဟု Unicode မြန်မာစာစနစ် သုံးစွဲသူတစ်ဦး ဖြစ်သည့် ကိုထွန်းထက်အောင် က ပြောသည်။

Unicode ဟုခေါ်ဆိုသည့် နိုင်ငံတကာ ဘာသာစကား အက္ခရာများ ဆိုင်ရာစနစ်ကို နိုင်ငံအလိုက် မိမိတို့၏ ဘာသာစကား အက္ခရာများ အလိုက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ အသုံးပြု နေကြပြီး မြန်မာနိုင်ငံသို့ Unicode မြန်မာစာ စနစ်ရောက်ရှိ၍ စတင်အသုံးပြု သည်မှာ ၁၉၉၅ ဝန်းကျင်ခန့် ကဟု ခန့်မှန်း ရသည်။

Unicode မြန်မာစာစနစ်ကို စတင်သိရှိ၍ သုံးစွဲလိုသူများ အနေဖြင့်လည်း Myanmar Unicode Area အတွင်း၌ မည်ကဲ့သို့ ရယူရမည်ကို မေးမြန်းကာ Download ဆွဲ အသုံးပြုနိုင် သကဲ့သို့ www.myanmarlanguage.org တွင်လည်း ရှာဖွေကာ ရယူ အသုံးပြု နိုင်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...