Social Icons

Pages

Friday, October 31, 2014

DAIHATSU ကားကုမ္ပဏီမှ ကားအရောင်းပြခန်း ဖွင့်လှစ်မည်


ရန်ကုန် ၊ ၃၁-၁၀-၂၀၁၄

ရန်ကုန်မြို့၌ ဂျပန်နိုင်ငံ၏ ကားကုမ္ပဏီကြီး တစ်ခုဖြစ်သည့် DAIHATSU ကားကုမ္ပဏီ မှ မော်တော်ယာဉ် အရောင်းပြခန်း လာရောက် ဖွင့်လှစ်မည် ဖြစ်ကြောင်း DAIHATSU ကား ကုမ္ပဏီ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

'' DAIHATSU ကားတွေက ရန်ကုန်မြို့မှာ ဈေးကွက် သိပ်မပေါက် သေးဘူး။ DAIHATSU မော်တော်ယာဉ် အရောင်းပြခန်းကို ရန်ကုန်မြို့မှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ဆန်းပိုင်းမှာ ဖွင့်လှစ် သွားမှာပါ ... ''ဟု ၄င်းက ဆက်လက် ပြောသည်။

DAIHATSU ကားကုမ္ပဏီ သည် ရန်ကုန်မြို့၌ မော်တော်ယာဉ် အရောင်းပြခန်း ဖွင့်လှစ်၍ ကုန်တင်ယာဉ်၊ လုပ်ငန်းသုံးယာဉ်၊ အင်ဂျင်ပါဝါ ၁၃ဝဝ ရှိကားများ နှင့် ဇိမ်ခံကား များကို ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း
သိရသည်။ ရောင်းချပေး ရာတွင်လည်း DAIHATSU ကားကုမ္ပဏီသည် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် များနှင့် ချိတ်ဆက်၍ အရစ်ကျ စနစ်ဖြင့် ရောင်းချ သွားမည်ဖြစ်ပြီး လက်ငင်း ဝယ်ယူလိုသူ များကို လက်ငင်း စနစ်ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်သည်။

အဆိုပါ ကုမ္ပဏီမှ ကားတစ်စီးလျှင် မြန်မာ ငွေကျပ်သိန်း ၇ဝ မှ သိန်း ၅ဝဝ တန်ဖိုး အတွင်းရှိ ကားများကို ရောင်းချ ပေးသွားမည် ဖြစ်ပြီး DAIHATSU ကားကုမ္ပဏီ သည် ရန်ကုန်မြို့၌ မော်တော်ယာဉ် အရောင်းပြခန်း ဖွင့်လှစ်ပြီး နောက် မန္တလေးမြို့ ၌ပါ ဖွင့်လှစ်ရန် စီစဉ် ထားကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...