Social Icons

Pages

Friday, October 24, 2014

မီးပွိုင့် ၁၅၀ တွင် CCTV ကင်မရာဖြင့် ယာဉ်ကြောရှင်းလင်းရေး လုပ်ဆောင်မည့် စနစ် အသုံးပြုမည်


မြေနီကုန်းလမ်းဆုံ

ရန်ကုန် ၊ ၂၄-၁၀-၂၀၁၄

ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅ဝ မှ CCTV ကင်မရာဖြင့် ချိတ်ဆက် စောင့်ကြည့်ကာ ယာဉ်ကြော ရှင်းလင်းရေး လုပ်ဆောင်သည့် စနစ်ကို အသုံးပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (လမ်းနှင့် တံတား) ဌာနမှ သိရသည်။ 

အဆိုပါ မီးပွိုင့်များကို Traffic Control Centre ပါဝင်သော စနစ်ဖြင့် ထိန်းချုပ်ကာ ယာဉ်ကြော ရှင်းလင်းရေး လုပ်ဆောင်မည် ဖြစ်ပြီး ၄င်းတို့ကို CCTV ကင်မရာများဖြင့် စောင့်ကြည့် သွားမည် ဖြစ်ကြောင်း သိရသည်။

လုပ်ဆောင်မည့် မီးပွိုင့် ၁၅ဝ အနက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ မီးပွိုင့် ၁ဝဝ ကို လုပ်ဆောင်မည် ဖြစ်ပြီး ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အစီအစဉ်ဖြင့် မီးပွိုင့် ၅ဝ ကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းစနစ်ကို ယခု ဘဏ္ဍာနှစ်တွင် လုပ်ဆောင်မည် ဖြစ်ပြီး JICA နှင့် ပူးပေါင်းမှု ပထမအဆင့် အနေဖြင့် ကမ္ဘာအေး စေတီလမ်း နှင့် ပါရမီလမ်းဆုံ မီးပွိုင့် (ချော်တွင်းကုန်း လမ်းဆုံ) ကို ဗဟိုပြု၍ ကမ္ဘာအေး စေတီလမ်း ပေါ်ရှိ နဝဒေးလမ်းဆုံ၊ ဂန္ဓမာလမ်းဆုံ၊ အင်းလျားလိတ် ဟိုတယ် အဝင်လမ်းဆုံ၊ ပါရမီလမ်းဆုံ၊ သစ္စာလမ်းဆုံ၊ စက်မှု (၁) လမ်းဆုံ တို့ ပါဝင်သော မီးပွိုင့်ခြောက်ခု နှင့် ပါရမီလမ်းပေါ် တွင် ပြည်လမ်းဆုံ၊ ဦးထွန်းငြိမ်း လမ်းဆုံ၊ နှင်းဆီလမ်းဆုံ၊ ဝေဇယန္တာ လမ်းဆုံတို့ ပါဝင်သော မီးပွိုင့်လေးခု စုစုပေါင်း ၁ဝ ခုကို ချိတ်ဆက်၍ ယာဉ်ကြော ရှင်းလင်းရေးကို ကနဦး လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယ ဦးစားပေး အနေဖြင့် ယခင် ခုံးကျော်တံတား ဆောက်လုပ်ရန် စီစဉ်ခဲ့သည့် တာမွေ ငါးခွဆုံမီးပွိုင့် တွင် ခုံးကျော်တံတား မဆောက်တော့ဘဲ ယင်း ငါးခွဆုံမီးပွိုင့် ကို ဗဟိုပြု၍ ရွှေဂုံတိုင် လမ်းဆုံမီးပွိုင့်၊ သမိန်ဗရမ်း လမ်းဆုံ၊ ကျိုက္ကဆံ လမ်းဆုံ၊ ကြက်ဘဲ ဈေးရှေ့လမ်းဆုံ၊ ဦးချစ်မောင် လမ်းဆုံ မီးပွိုင့်များကို ချိတ်ဆက်၍ လည်းကောင်း၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ လေးထောင့်ကန် လမ်းဆုံ အပါအဝင် စုစုပေါင်း မီးပွိုင့် ၁၄ ခု ကို ချိတ်ဆက်၍ လည်းကောင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...