Social Icons

Pages

Monday, September 22, 2014

အခွန်တိမ်းရှောင်မှုများသည့် လုပ်ငန်းအုပ်စုများကို သတိပေး ပညာပေး ကာလကုန်ဆုံးပါက အခွန်ဥပေဒေအရ စစ်ဆေး အရေးယူ သွားမည်


ရန်ကုန် ၊ ၂၂-၉-၂၀၁၄

မြန်မာနိုင်ငံ အတွင်းရှိ အခွန် တိမ်းရှောင်မှု များသည့် လုပ်ငန်းအုပ်စု ၆ဝ ခန့်ကို သတိပေး မှုများ ပြုလုပ်ထားပြီး ပညာပေး ကာလ ကုန်ဆုံးပါက အမြင့်ဆုံး ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ် နိုင်သည့် အခွန်ဥပဒေ ဖြင့် စစ်ဆေး အရေးယူ သွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့မှ ဥက္ကဋ္ဌ သူရ ဦးသောင်းလွင် ၏ ပြောပြချက် အရ လုပ်ငန်းကြီး များထံမှ ဝင်ငွေ ကြေညာလွှာ အား ကောက်ခံ ရာတွင် ယခုနှစ် ဇွန်လကုန် အထိ ကောက်ခံခဲ့ပြီး လက်ရှိ အချိန်တွင် လုပ်ငန်းကြီး များ၏ ဝင်ငွေခွန် ကြေညာလွှာ အား စိစစ်ဆဲသာ ဖြစ်ကြောင်း သိရသည်။ လက်ရှိ ကောက်ခံ ရရှိထားသည့် အခွန်ကျပ် ၁၁၅၄ ဘီလီယံ ခန့်သည် မင်္ဂလာဈေး နှင့် ယုဇနပလာဇာ ကဲ့သို့ သာမန် ရောင်းဝယ် ဖောက်ကား နေသော လုပ်ငန်းများ ထံမှ ဖြစ်ကြောင်း၊ အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့၏ စိစစ် ကြပ်မတ် ကောက်ခံမှု များကြောင့် ယမန်နှစ် ဘဏ္ဍာနှစ်၏ သြဂုတ် လကုန်ပိုင်း ထက် ငွေကျပ်သန်း ၂ဝဝ ကျော် ပိုမို ကောက်ခံ နိုင်ခဲ့သည်။

အာဆီယံနိုင်ငံ များအနက် အခွန် ကောက်ခံမှု မှရရှိငွေ သည် တိုင်းပြည်၏ ဂျီဒီပီ တွင် ပါဝင်မှု အနိမ့်ဆုံး ဖြစ်နေသည့် မြန်မာနိုင်ငံ သည် ယခုအခါ ပိုမို စိစစ် ကောက်ခံ နိုင်ခဲ့သဖြင့် နှစ်စဉ် အခွန်ရရှိ ငွေများ မြင့်တက် လာခဲ့သည်။ လက်ရှိ ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ် အတွက် အခွန် ကောက်ခံ ရရှိမှု ငွေကျပ် ၅ဝဝဝ ဘီလီယံ အထိ ရရှိရန် ဆောင်ရွက်လျက် ရှိပြီး ၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်မှ သြဂုတ်လ ကုန်အထိ လုပ်ငန်းရှင်ကြီး များထံမှ အခွန် ကောက်ခံမှု မပါဝင် သေးဘဲ ငွေကျပ် ၁၁ဝဝ ဘီလီယံ ကျော်အထိ ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ကုမ္ပဏီပေါင်း သုံးသောင်း ကျော်ခန့် ရှိသည့်အနက် ကုမ္ပဏီပေါင်း ၁၅ဝဝဝ ခန့်သာ လတ်တလော အခွန်ဆောင်မှု ရှိနေပြီး ကျန် ကုမ္ပဏီ များမှာ အခွန် တိမ်းရှောင်မှုများ ရှိနေကြောင်း၊ အခွန် တိမ်းရှောင် နေသော ကုမ္ပဏီ၊ လုပ်ငန်းစု များအား ခေါ်ယူ သတိပေး မှုများ ပြုလုပ် ထားပြီး ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း အခွန်များ ဦးစီးဌာန အနေဖြင့် အခွန် အရပ်ရပ် ကောက်ခံ ရရှိခဲ့မှုတွင် ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာနှစ် တွင် ငွေကျပ် ၁၅၃၈ ဒသမ ၇၆၆ ဘီလီယံ၊ ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ် တွင် ငွေကျပ် ၂၇၁ဝ ဒသမ ၉ဝ၆ ဘီလီယံ နှင့် ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ် တွင် ငွေကျပ် ၃၄၂ဝ ဒသမ ၇၅၄ ဘီလီယံ ကောက်ခံ ရရှိ ခဲ့ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...