Social Icons

Pages

Tuesday, September 10, 2013

ငွေကျပ်သိန်းပေါင်း တစ်သောင်းခွဲခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ


နေပြည်တော် ၊ ၁၀-၉-၂၀၁၃

ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) ကျိုင်းတုံမြို့နယ် ၀မ်တာပုံ စစ်ဆေးရေး စခန်း၌ လုံခြုံရေး တပ်ဖွဲ့ဝင် များက စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီခွဲ ခန့်တွင် သတင်းအရ စောင့်ဆိုင်း နေစဉ် မိုင်းခတ် မှ ကျိုင်းတုံ သို့ တာချီလိတ်မြို့ဆန်ဆိုင်း(ခ) ရပ်ကွက်နေ စိုင်းရီ မောင်းနှင် လာသည့် အဖြူရောင် မော်တော်ယာဉ် အား ရပ်တန့် ရှာဖွေရာ ယာဉ်မောင်း၏ နောက်ခန်း ထိုင်ခံပေါ်မှ မြွေရေခွံအိတ် ၂ လုံးပါ ICE အထုပ် ၆၀ ထုပ် စုစုပေါင်း ၆၀ ကီလိုဂရမ် ခန့် ( ကာလတန်ဖိုး ငွေကျပ် သိန်း ၁၅၀၀၀ ခန့် ) ၊ မြန်မာငွေ ကျပ် ၇ သိန်း ၊ ဖုန်းတစ်လုံး နှင့် မော်တော်ယာဉ် နှင့် သက်ဆိုင်သည့် စာရွက် စာတမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။(၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...