Social Icons

Pages

Wednesday, May 15, 2013

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်


ရန်ကုန် ၊ ၁၅-၅-၂၀၁၃

၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ကျရောက်မည့် မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်က ရောင်စုံ ဓာတ်ပုံ ပြိုင်ပွဲ ကို " ယဉ်ကျေးလှပ မြန်မာ အမျိုးသမီးများ ဘ၀ " ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ တွင် မြန်မာ အမျိုးသမီး များ၏ တာဝန် ကျေးပွန်မှု ၊ ဘာသာ တရား ကိုင်းရှိုင်းမှု ၊ ယဉ်ကျေး သိမ်မွေ့မှု ၊ အရည်အသွေး ပြည့်ဝမှု အစရှိသော ဂုဏ်သိက္ခာ အရည်အချင်း တို့ဖြင့် ဖော်ညွှန်း ရိုက်ကူး ထားသည့် ရောင်စုံ ဓာတ်ပုံများဖြင့် ပါဝင် ယှဉ်ပြိုင် ရမည် ဖြစ်သည်။ စည်းကမ်းချက် များအနေဖြင့် ပြိုင်ပွဲဝင် ဓာတ်ပုံ အရွယ်အစား မှာ ၁၀x၁၄ လက်မ တစ်မျိုးတည်းသာ ပါဝင် ယှဉ်ပြိုင် ရမည် ဖြစ်သည်။ ပုံအရေအတွက် အကန့်အသတ် မရှိ ပေးပို့ ယှဉ်ပြိုင်နိုင်သည်။ မည်သည့် ကင်မရာ အမျိုးအစား မဆို အသုံးပြု နိုင်သည်။ ပြိုင်ပွဲ ကျင်းပသည့် ဌာန အနေဖြင့် ပြိုင်ပွဲဝင် ဓာတ်ပုံများကို အများပြည်သူ အကျိုးငှာ ပြပွဲများ ၊ စာအုပ် စာစောင်များ ၊ ဘက်ဘ်ဆိုက်များ ၊ လက်ကမ်း စာစောင်များ ၊ သင်ခန်းစာ ပို့ချမှုများ နှင့် ဗီဒီယို မှတ်တမ်းများ ၌ အသုံးပြု ခြင်းကို သဘောတူ ခွင့်ပြုရမည်။ ထို့အပြင် ပြိုင်ပွဲဝင် ဓာတ်ပုံများသည် ပြည်တွင်း ပြည်ပ ဓာတ်ပုံ ပြိုင်ပွဲများ၌ ဆုရရှိ ခဲ့ဖူးခြင်း မရှိကြောင်း ၊ မိမိကိုယ်တိုင် ရိုက်ကူး ထားကြောင်း ၀န်ခံချက် နှင့်အတူ ပြိုင်ပွဲဝင် သူ၏ ပတ်စ်ပို့ ဓာတ်ပုံ ၂ ပုံ ၊ ကိုယ်ရေး အကျဉ်းချုပ် တို့ကို ပူးတွဲ ပေးပို့ ကြရမည် ဖြစ်သည်။

ပြိုင်ပွဲဝင် ဓာတ်ပုံများကို ပြိုင်ပွဲ ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဦးအေးကြွယ် ညွှန်ကြားရေးမှူး (ထုတ်လုပ်) ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ၊ အမှတ် (၂၂၈) ၊ သိမ်ဖြူလမ်း ၊ ဗိုလ်တထောင် မြို့နယ် ၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁- ၂၀၁ ၉၃၆ ၊ ၀၁- ၃၇၁ ၂၄၂ တို့သို့ ဇွန်လ ၁၇ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ ပေးပို့ ရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...